ကျိုက်မရောမြို့နယ်တွင် သဘာဝဘေးဒဏ် ခံနိုင်သော ရပ်ရွာအသိုက်အဝန်း ဖြစ်ပေါ်စေရေး ပညာပေးနှင့် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့နယ်တွင် သဘာဝဘေးဒဏ် ခံနိုင်သော ရပ်ရွာအသိုက်အဝန်း ဖြစ်ပေါ်စေရေး ပညာပေးနှင့် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်

 


MNP - မတ်    ၂

မွန်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျိုက်မရော မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအတွင်းရှိ ဆင်းရဲနွမ်းပါးပြီး သဘာဝဘေး ကျရောက်လာလျှင် ကြံခိုင်မှုမရှိသော နေအိမ်အချိုအား သဘာ ဝဘေးဒဏ် ခံနိုင်သော ရပ်ရွာ အသိုက်အဝန်း ဖြစ်ပေါ်လာစေရေး ပညာပေးနှင့် ပြုပြုင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခြင်းကို မတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက ရှင်စောပုရပ်ကွက်ရှိ နေအိမ် (၂) လုံးအား စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန်ခွဲမှု အဖွဲ့ဝင်များဖြစ်သည့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ရပ်ကွက်အတွင်း သဘာဝဘေးဒဏ် ကျရောက်လျှင် အန္တရာယ်ရှိနိုင် သော နေအိမ်များကို သွပ်နန်းကြိူးများဖြင့် ချည်နှောင်ပေးခြင်း၊ အကာများ ပြုပြင်ခြင်း၊ အမိုးများ၊ ဒိုင်းများ မျက်နှာကျက်များအား ပြုပြင်ပေးခြင်း၊ ပြိုလည်းမသွားနိုင်ရန်အတွက် ဒေါက်တိုင်များ ထောက်ထားပေးခြင်း စသည်ဖြင့် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး ပညာပေးခြင်းများနှင့် ပြုပြင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ တာဝန်ရှိသူထံမှ သိရသည်။

သတင်း - ချိုမြတ်မြတ်ထွေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)