လက်ပံတန်းမြို့နယ်၌ ရန်ကုန်-ပြည်လမ်းမကြီးဘေး လမ်းနယ်နမိတ်ကျူးကျော်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့နယ်၌ ရန်ကုန်-ပြည်လမ်းမကြီးဘေး လမ်းနယ်နမိတ်ကျူးကျော်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး


MNP -  မတ်     ၃

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ လမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များသည် မြို့နယ်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရေး၊ လမ်းမကြီးဥပဒေနှင့်အညီ လမ်းဧရိယာကျူးကျော် မရှိစေရေးအတွက် ကျွန်းကလေးကျေးရွာနှင့် ချမ်းသာကုန်းရွာ ရန်ကုန်-ပြည်လမ်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က မြို့နယ်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရေး၊ လမ်းမကြီး ဥဒေစည်းကမ်းများနှင့်လိုက်နာဆောင်ရွက်ရေးမှာကြားပြီး၊ လမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများက ရန်ကုန်-ပြည်လမ်း ဘေးရှိ နေအိမ်များ၊ ဆိုင်ခန်းများကို လမ်းဧရိယာ လွတ်ကင်းမှု ရှိ/မရှိ တိုင်းတာစစ်ဆေးခြင်း၊ လမ်းနယ်နမိတ်ကျူးနေသော ဆိုင်ခန်းများကို ဖယ်ရှား ရှင်းလင်းခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)