Pages

Pages

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 


MNP - မတ်   ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ(၂၅) ရက်နေ့  ညနေ (၃)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်လွယ်ကူစေရန် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီနှင့် စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းက ော်မတီများ ဖွဲ့စည်းနိုင်ရေးနှင့် ဆက်လက်ကျင်းပမည့် အစည်းအဝေးများတွင် မိမိတို့လုပ်ငန်း ကဏအလိုက် ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ရေး အစည်းအဝေးအား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

‘‘ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအတွင်း နွေရာသီကာလမှာ တောမီးနဲ့ အခြားမီးများကြောင့် မီးလောင်မှု(Hotspot)အရေအတွက်များပြားနေခြင်းကို လျော့ချနိုင်ဖို့၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်း အစီအမံ ရေးဆွဲ အကောင်အထည်ဖော်ဆောင်နိုင်ရေး ကြီးကြပ်ဆောင်ရွက်နိုင်ဖို့ အစည်းအဝေးကို ကျင်းပတာဖြစ်ပါတယ်၊ အစည်းအဝေး ကိုတော့ (၄)လတစ်ကြိမ် ကျင်းပနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွန်ကြားရေး မှူး ဦးကျော်အောင်မိုးက ပြောသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ သံယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမှားစကားပြောကြားပြီး စစ်ကိုင်းတိုင်း ဒေသကြီးပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး စစ်ကိုင်းတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်အောင်မိုးက ဆုံးဖြတ်ရန် အချက်များကို ရှင်းလင်းပြောကြားရာ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များမှ အထွေထွေတင်ပြ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment