Pages

Pages

ဘီးလင်းမြို့နယ်၌ မသန်စွမ်းမှုဆိုင်ရာ အသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ်




MNP ၊ မတ် ၂၇

 သထုံခရိုင် ၊ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မွန်ပြည်နယ် မသန်စွမ်းသူများအသင်းနှင့် ပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။


 အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံက Talk Show ဆွေးနွေးပွဲ ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌ ဦးစောအောင်သိမ်းတင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက မွန်ပြည်နယ်မသန်စွမ်းသူများ၏အခြေအနေ၊ အသင်းဖြစ်ပေါ်လာပုံနှင့်ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မသန်စွမ်းသူများအခွင့်အရေးဥပဒေ အခန်း၁၅၊ပုဒ်မ ၇၇ ပါ တားမြစ်ချက်နှင့် ပြစ်ဒဏ်များ၊ မသန်စွမ်းသူများသို့ ထောက်ပံ့ပေးနေမှုနှင့် ထောက်ပံ့ငွေရရှိရေး စီစဉ်ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မသန်စွမ်းသူများ၏ ကျန်းမာရေးစောင့်ရှောက်ပေးမှု နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထူးနောင် (ဘီးလင်း)


No comments:

Post a Comment