ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ

 


 MNP - မတ်   ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ဘတင်လမ်းရှိ လှေဆိပ်နှင့် အမှတ်(၂)ရပ်ကွက်၊ ယမုံနာလမ်းရှိ ကူးတို့ ဆိပ်တို့တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် သံတွဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒေါ်ချိုချိုခိုင်(ကြီး/ရေး)နှင့်ဝန်ထမ်းများ၊ ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ ကျိန္တလီနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဆက်နွယ်စိုးနှင တပ်ဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကိုကိုနိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးခိုင်မိုးမင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ နှင့်ပူးပေါင်း၍ မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင် ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည် သဘောပေါက်လွယ်စေရန် အရောင်များဖြင့် သတိပေးခြင်း၊ ကိုယ်နှင့်မကွာ သယ်ဆောင်သွားရမည့် ပစ္စည်းများ စသည့်အချက်များ ပါဝင်ကြောင်းနှင့် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်(၂၀၀)စောင်အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

သတင်း - ခိုင်မိုးမင်း

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)