မြိုင်မြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ကာကွယ်ဆေး အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ကာကွယ်ဆေး အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး




MNP - မတ်    ၉

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ဒေသခံပြည်သူများ အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၉ရက်နေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကဦးဆောင်၍  မြို့နယ်ထွေ/အုပ်အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ ဦးမျိုးသန်းထိုက်က မြို့နယ်အတွင်းရှိဒေသခံပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများနှင့် သက်ကြီးရွယ်အိုဘိုးဘွားများကို အဆင်ပြေစွာထိုးနှံနိုင် ရေးအတွက် ဆေးထိုးအုပ်စုများခွဲကာ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံခြင်းကို မတ်လ ၁၀ရက်နေ့မှ ဧပြီလကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မိမိတို့တာဝန်ကျနယ်မြေအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ကာကွယ်ဆေးထိုးနှံမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌနှင့်ကော်မတီဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဖြိုးမွန်ကျော်၊ဖြိုးမွန်မွန်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)