ကျိုက်ဒုံမြို့၌ မြို့ရိုးတောင်၊ဝင်းလုံချောင်း စေတနာ၊ မေတ္တာတံတား (အများတကာကောင်းမှု) ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ဒုံမြို့၌ မြို့ရိုးတောင်၊ဝင်းလုံချောင်း စေတနာ၊ မေတ္တာတံတား (အများတကာကောင်းမှု) ဖွင့်ပွဲအခမ်းအနားကျင်းပ

 


MNP - မတ်    ၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ မြို့ရိုးတောင် ဝင်းလုံချောင်း၊ စေတနာ၊ မေတ္တာတံတား (အများတကာ ကောင်းမှု)ဖြင့် ဆောင်ရွက်ခဲ့သည့် တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လယ်တောကြီးကျောင်းဆရာတော်၊ လေးဖိုးကျောင်းဆရာတော်၊ ရွာလုံးတောင်ကျောင်းဆရာတော်နှင့် တာဝန်ရှိသူများက ဦးဆောင်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ သံကူကွန်ကရစ်တံတားသည် အရှည် (၁၃၀)ပေ၊အမြင့်(၃၀) ပေ၊အကျယ်(၁၄)ပေ ရှိပြီး၊ ကျေးရွာနေပြည်သူများ ရာသီမရွေး အသုံးပြုသွားလာနိုင်စေရေးအတွက် လယ်တောကြီးကျောင်း ဆရာတော်၊ ရွာလုံးတောင်ကျောင်းဆရာတော်တို့မှ ဦးဆောင်ပြီး အများတကာကောင်းမှု ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ပြီး တရားပွဲ(၃)ည၊ ပဋ္ဌာန်းပွဲ ၂၄ နာရီ ကျင်းပနိုင်ခဲ့ပြီး ရေစက်သွန်းချတရားတော်များနာယူပြီး စေတနာ၊ မေတ္တာတံတားဖွင့်ပွဲ အခမ်းအနား အောင်မြင် စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - သန်းထွန်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)