Pages

Pages

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ အလုပ်သမားတစ်ဦးမတော်တဆဖြစ်မှုအတွက် တနင်္သာရီတိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့က ငွေကျပ် သိန်းနှစ်ဆယ်ကျော်ထောက်ပံ့ပေးအပ်




MNP - မတ်    ၂၀

တနင်္သာရီတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့က  ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်ပေးအပ်ပွဲကို ယမန် နံနက်ပိုင်းက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ITALIAN-THAI  DEVELOPMENT  PUBLIC  COMPANY LIMITED (ITD)ခန်းမ၌ ကျင်းပ သည်။ 

ပေးအပ်ပွဲတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့တာဝန်ခံအရာရှိ ဒေါ်ဥမ္မာမြင့် က (ITD) အလုပ်သမား ဦးပိုင်စိုးအား  အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည်ငွေလုံးငွေရင်းကျပ်(၂၂၄၁၇၅၀/-)(ကျပ်နှစ်ဆယ့်နှစ်သိန်းလေးသောင်း တစ်ထောင့် ခုနှစ်ရာ ငါးဆယ်)အားလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ 

(ITD)အလုပ်သမား ဦးပိုင်စိုးသည် လုပ်ငန်းခွင်ကအပြန် ဆိုင်ကယ်မတော်တဆဖြစ်ပွားခဲ့သည့်အတွက် အလုပ်တွင် ဒဏ်ရာရမှုနှင့်ပတ်သက်ပြီး အမြဲတမ်းမသန်စွမ်းဖြစ်မှု ငွေလုံးငွေရင်း တောင်းဆိုချက်ကို လူမှုဖူလုံရေးအဖွဲ့ က စဉ်စားပြီး သက်ဆိုင်ရာဆေးဘက်ဆိုင်ရာအဖွဲ့မှ ဦးပိုင်စိုး၏ အလုပ်တွင် ဒဏ်ရာရမှုကြောင့် အလုပ်လုပ်နိုင်သည့် အင်အားဆုံးရှုံးမှု ရာခိုင်နှုန်း(၂၅%)ပေးအပ်ခြင်းကြောင်း၊ ယာယီမသန်စွမ်းဖြစ်မှုကာလ  ၂၈၃ ရက်အတွက် ငွေကျပ် (၆၅၁၁၇၄.၃၉)ကိုလည်း ထောက်ပံ့ပေးထားခဲ့ပြီးဖြစ်ကြောင်း၊ ယခု ထောက်ပံ့ငွေသည် အမြဲတမ်းမသန်စွမ်းဖြစ်မှုအတွက် ထောက်ပံ့ငွေကျပ် (၂၂၄၁၇၅၀/-)(ကျပ်နှစ်ဆယ့်နှစ်သိန်းလေးသောင်း တစ်ထောင့်ခုနှစ်ရာငါးဆယ်) အား ထောက်ပံ့ခြင်းဖြစ်ကြောင်း ထောက်ပံ့ငွေစုစုပေါင်းအနေဖြင့် ငွေကျပ်(၂၈၉၂၉၂၄.၃၉) ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တာဝန်ခံအရာရှိ ဒေါ်ဥမ္မာမြင့်ထံမှ သိရသည်။ 

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment