Pages

Pages

ပဲခူးတိုင်းဒေသကြီး၊(အနောက်)ပြည်ခရိုင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်









MNP - မက်   ၂၀

ပဲခူးတိုင်းဒေသကြီး၊(အနောက်)ပြည်ခရိုင် ပြည်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင် း(၃)ထပ်ဆောင်၌ယနေ့မွန်းလွဲ ၁၁နာရီအချိန်ကလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူကလေးများအားပြည်ခရိုင်ပညာရေးမှူးရုံးမှခရိုင်ပညာရေးမှူးဆရာမကြီးဒေါ်စန်းစန်းဝင်းကစိတ်ဓါတ်ကောင်းများဖြစ်ထွန်းရေးနှင့်စည်းကမ်းလိုက်နာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးကအကျင့်စာရိတ္တကောင်းမွန်ရေးအကြောင်းနှင့်ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဦးသန်းဇော်ဝင်းကစိတ်ဓါတ်မြှင့်တင်ရေး ကျန်းမာရေးနှင့်ကြံခိုင်ရေးအကြောင်း ကျောင်းသားကျောင်းသူကလေးများအားဟောပြောခဲ့ကြောင်းသိရသည်။

ထိုနောက်ကျောင်းသားကျောင်းသူကလေးများကပြည်ခရိုင်ပြန်/ဆက်ရုံးမှခင်းကျင်းပြသထားသောစာအုပ်များနှင့်အသိပညာပေးနံရံကပ်စာစောင်များကိုကြည့်ရှုခဲ့ကြကြောင်းသိရသည်။

သတင်း - ကိုစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment