MNP ၊ မတ် ၂၁
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းနှင့် ကြိုတင်င်ဆင်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ပင်လယ်ကမ်းခြေ နှင့်ထိစပ်နေသောကျေးရွာများသို့ မီးသတ်ဦးစီးဌာန မှ ဦးစီးမှုးနှင့်ဝန်ထမ်း များကအသိပညာပေးနှိုးဆော်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် မုန်တိုင်းအန္တရာယ်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ထုန်ပြန်လျှက်ရှိသည့် မုန်တိုင်းအန္တရာယ်အသိပေးကြေငြာချက်များ၊ ကြိုတင်ပြင်ဆင်ထားရှိရမည့် မိမိတို့အိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့်အိမ်ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းထားရှိရန်၊ မိသားစုများအရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံမှတ်ကို ကြိုတင်သတ်မှတ်ထားရန်၊ အရေးပေါ်သုံးပစ္စည်းများနှင့် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ သက်ဆိုင်ရာမှ ထုတ်ပြန်သော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာကြရန်၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားရမည့် အချက်များဖြစ်သည့် တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ခြင်းမပြုလုပ်ရန်၊ လေမုန်တိုင်းအနည်းငယ်အားလျော့နေချိန်တွင် အိမ်ပြင်ထွက်ခြင်းမျိုးမပြုလုပ်ကြရန်၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် လိုက်နာရန်အချက်များဖြစ်သည့် မိသားစုဝင်များပျောက်ဆုံးပါက သက်ဆိုင်ရာသို့အကြောင်းကြားရန်၊ အန္တရာယ်ရှိသော ဓါတ်တိုင်၊ သစ်ပင်၊ သစ်ကိုင်များအောက်မှ ရှောင်ရှားနေထိုင်ကြရန်နှင့် သန့်ရှင်းသော သောက်သုံးရေကိုသာ သောက်ကြရန် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးရုံး ၊ မုတ္တမ နှင့် ဇင်းကျိုက် အရန်မီးသတ်စခန်းများတွင်လည်း မုန်တိုင်းကျရောက် လာပါက လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်များကိုလည်း အဆင်သင့် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
သတင်း - တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment