မော်လမြိုင်၌ သက်ကြီးရွယ်အို အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်၌ သက်ကြီးရွယ်အို အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

 



MNP - မတ်   ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးကျင်းပသည့် သက်ကြီးရွယ်အို အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်လူမှု ဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက သက်ကြီးရွယ်အို အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောရာတွင် သက်ကြီးရွယ်အိုများ ကာကွယ်‌ စောင့်ရှောက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုများ မြှင့်တင်ရန်၊ နိုင်ငံတော်နှင့် စေတနာရှင်များက ထောက်ပံ့ပေးအပ်ခြင်း၊ သက်ကြီးရွယ်အိုများအတွက် ပုံမှန်ဝင်ငွေ ရရှိစေရေး ဆောင်ရွက်ရန်၊ မိမိကိုယ်ကိုစောင့်ရှောက်မှု၊ မိသာစုစောင့်ရှောက်မှု၊ အိမ်/ရပ်ရွာအခြေပြု စောင့်ရှောက်မှုများ လုံလောက်စွာရရှိစေရန်၊ လှုပ်ရှားသွားလာနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေးတို့တွင် သက်သာ၍ လွယ်ကူစွာ အသုံးပြုနိုင်သော အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးနိုင်ရန်၊ ဘေးကင်း လုံခြုံစိတ်ချရသော ပတ်ဝန်းကျင် ရရှိနိုင်စေရန်စသည့် ရည်ရွယ်ချက်(၉)ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ၊ သက်ကြီးရွယ်အို များအား ထောက်ပံ့ပေးခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆက်လက်မေးမြန်းရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းပြခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)