ထန်းတပင်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေး



MNP - မတ်   ၂၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ် ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက ကာကွယ်ဆေးမထိုးနှံရသေးသည့် အများပြည်သူများနှင့် ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံမည့်သူများအား အမှတ်(၃)ရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆက်လက်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသလို ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးတည်အုပ်စုများအလိုက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် စုရပ်နေရာများခွဲကာ ထိုးနှံပေးခြင်းဖြစ်သလို အမှတ် (၃)ရပ်ကွက်အတွင်းရှိ ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံသူ(၄၉)ဦးနှင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ရပ်ကွက်နေပြည်သူ(၂၂)ဦးတို့ ကာကွယ်ဆေးလာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။

သတင်း - ဇင်မင်းထိုက်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)