ဝေါမြို့၌ ကိုဗစ်-ကိုဗစ်၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝေါမြို့၌ ကိုဗစ်-ကိုဗစ်၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

 


MNP - မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ပြည်သူ များအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အေးချမ်းသာယာရပ်ကွက်၌ ဆက်လက် ထိုးနှံပေးသည်။

ကာကွယ်ဆေးအားထိုးခြင်းအား နံနက်  ၉:၀၀ နာရီမှ စတင်ဆောင်ရွက်ပြီးဆေးထိုးသူများအနေဖြင့် ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီး မြောက်ကြောင်း ကဒ်ယူဆောင်လာကြရန်၊ လုံးဝမထိုးနှံရသေးသောသူများ မှတ်ပုံတင်ယူဆောင်လာရန်၊ ဒုတိယအကြိမ် Dateပေးထားသူများ "စလစ်"ယူဆောင်လာပါရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက အသိပေးထားသည်။

အဆိုပါဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် COVISHIELD ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့် စေတနာ့ဝန်ထမ်းများက ရပ်ကွက်ကျေးရွာဆေးထိုးစုရပ်များနှင့် ကျေးလက် ကျန်းမာရေးဌာနများတွင် ဆေးထိုးရန်လိုအပ်သည့်ပြည်သူများနှင့် ထပ်ဆောင်းဆေးထိုးလိုသူများအား ကာကွယ်ဆေးထိုးရန် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။ 

သတင်း - အောင်မြတ်လင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)