အုတ်တွင်းမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ခရိုင်ရုံးဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ခရိုင်ရုံးဖွင့်လှစ်


MNP - မတ်    ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးခွဲအသစ်အား ယနေ့နံနက်(၉)နာရီအချိန်က ဦးဝင်းဖေလမ်း၊ သမဝါယမဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ခရိုင်ရုံးခွဲအသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နှင်းနန္ဒာလှိုင်၊ ဦးစီးအရာရှိ ဦးဝင်းနိုင်နှင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့သည်။

ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး ဖွင့်လှစ်ခြင်းဖြင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း၊ အဆိုပါရုံးတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများ၊ လုပ်ငန်းအကြီး၊ အသေးပေါ်မူတတည်၍ ချိတ်ဆက်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း သမဝါယ ဦးစီးဌာနရုံးမှ သိရသည်။

သတင်း - ခင်ခင်မာ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)