အမ်းမြို့အမှတ်(၃)ဈေးရပ်ကွက် အောက်ကျင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူဦးရေ (၉၀) အိုးမဲ့ အိမ်မဲ့ဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့အမှတ်(၃)ဈေးရပ်ကွက် အောက်ကျင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူဦးရေ (၉၀) အိုးမဲ့ အိမ်မဲ့ဖြစ်





MNP ၊ မတ် ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့အမှတ် (၃)ဈေးရပ်ကွက် အောက်ကျင်း တွင် ယနေ့ နေ့လည် ၂ နာရီ ၂၅ အချိန်ခန့်တွင်မီးလောင်မှုတစ်ခုဖြစ်ပွား ခဲ့ရာ နေအိမ်( ၁၇ )လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။    

မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရအမ်းမြို့မစခန်းမှူးဒုရဲမှူး မျိုးကြည် တာဝန်မှူး ရဲအုပ် ဆန်းလင်းအောင် ဦးစီးသောတပ်ဖွဲ့ဝင်( ၈)ဦးအမ်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သန်းဌေးဦးစီး သောတပ်ဖွဲ့ဝင်( ၉ )ဦး မီးသတ်ယာဉ် (၃)စီးအမှတ် (၃)ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဝင်းချို နှင့် အဖွဲ့ဝင်များဖြင့် မီးငြိမ်းသတ်ခဲ့ရာ နေ့လည် ၂ နာရီ ၄၅ အချိန်တွင်မီးညွန့်ကျိုးပြီး ၃ နာရီ အချိန်တွင်မီး ငြိမ်းခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍စစ် ဆေးဆောင်ရွက်ခဲ့ရာ အမှတ် (၃)ဈေးရပ်ကွက်အောက်ကျင်းနေ  မနီနီဝင်းရွှေ (၂၂)နှစ်(ဘ)ဦးရွှေသိန်း(ကျဘမ်း)နေသူနေအိမ်နောက်ဖေး မီးဖို မီးကြွင်းမီးကျန်မှမီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် စုစုပေါင်း(၁၈) လုံးမီးလောင်ကျွမ်းခဲ့ကြောင်းနှင့်လူ တိရိစ္ဆာန်ဆုံးရှုံးမှုမရှိပါကြောင်းနှင့်မီးလောင်ဆုံးရှုံးမှုကြောင့် ကျား( ၄၇) ဦးမ( ၄၃) ဦးစုစုပေါင်း(၉၀)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲရာ ၎င်းတို့အားပြန်လည်နေရာချ ထားနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ မနီနီဝင်းရွေ အားမြို့မရဲစခန်းသို့ ခေါ်ယူကာ အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


သတင်း -  စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)