Pages

Pages

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမီတက်က အသင်းသားများအားထောက်ပံ့ငွေများထုတ်ပေးလျက်ရှိ


MNP - မတ်   ၁

၂၀၂၀-၂၀၂၁ ခု၊  ဘဏ္ဍာရေးနှစ်အတွက် ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်က  ယနေ့နံနက်ပိုင်းတွင် အသင်းမှအသင်းသား(၂၀၉)ဦးအား ထောက်ပံ့ငွေများထုတ်ပေးခဲ့ကြောင်းသိရသည်။ 

ထို့နောက် တာဝန်ရှိသူများက  ၂၀၂၀-၂၀၂၁ ခု၊  ဘဏ္ဍာရေးနှစ်အတွက် အသင်းမှအသင်းသား (၂၀၉)ဦးအတွက် စုဆောင်းငွေပေါ်အတိုး (၁၃၀၉၂၉၈၁)ကျပ်၊ အစုပေါ်အမြတ်(၇၇၆၃၃၉)ကျပ် ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားများ ၏စားဝတ် နေရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန် အသင်းသားထောက်ပံ့ငွေ(၂၃၅၉၀၀၀)ကျပ်အား ထုတ်ပေးခဲ့ ကြောင်းသတင်းရရှိသည်။ 

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment