Pages

Pages

ထားဝယ်မြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးလျက်ရှိ







MNP - မတ်    ၁ 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ကို ယနေ့ နံနက်ပိုင်းတွင် ဆေးထိုးစုရပ်ဖြစ်သည့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

အဆိုပါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာ၏လမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအားထိုးနှံပေးခဲ့သည်။ 

ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ဒုတိယကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ အသက် (၅၀)အောက်နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ အသက်(၆၅)နှစ်နှင့်အထက် အများပြည်သူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment