ကျောက်ဆည်မြို့နယ် တောင်ဘီလူကျေးရွာတွင် ဆဋ္ဌမအကြိမ်မြောက်မြစိမ်းရောင် ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ် တောင်ဘီလူကျေးရွာတွင် ဆဋ္ဌမအကြိမ်မြောက်မြစိမ်းရောင် ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေး





MNP - မတ်    ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တောင်ဘီလူကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက်မြစိမ်းရောင် ကျေးရွာ စီမံကိန်းချေးငွေများထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

မြစိမ်းရောင်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများ ကတောင်ဘီလူ ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း(အေ) အဆင့်ရှိသူ(၄၃)ဦးအတွက် တစ်ဦးလျင်ငွေကျပ် (၃)သိန်းနှုန်းဖြင့် ငွေကျပ်(၁၂၉)သိန်း၊ (ဘီ)အဆင့်ရှိသူ(၄၅)ဦးအတွက် တစ်ဦးလျင်ငွေကျပ်(၂) သိန်းခွဲ ဖြင့် ငွေကျပ်(၁၁၂) သိန်းငါးသောင်း၊ မွေးမြူရေးလုပ်ငန်း (အေ)အဆင့် ရှိသူ(၄၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၁)သိန်း ရှစ်သောင်းဖြင့် ငွေကျပ်(၇၇)သိန်းလေးသောင်း၊ (ဘီ)အဆင့် ရှိသူ(၉၈)ဦးအတွက် တစ်ဦးလျှင်ငွေကျပ်(၁)သိန်း လေးသောင်းကျပ်ဖြင့် ငွေကျပ်(၁၃၇)သိန်း နှစ်သောင်းကျပ် စုစုပေါင်း စီးပွားရေးလုပ်ကိုင်သူ (၂၂၉)ဦးအား ငွေကျပ်(၄၅၆)သိန်းတစ်သောင်း  ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တောင်ဘီလူကျေးရွာတွင် အိမ်ခြေ(၂၀၄)အိမ်လူဦးရေ(၁၀၁၈)ဦးရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများ အဓိကလုပ်ကိုင်ကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)