တောင်ကြီးမြို့၌ မီးငြှိမ်းသတ်ရေးနှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ မီးငြှိမ်းသတ်ရေးနှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြ

 


MNP - မတ်   ၂၈

 ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များမှ ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြခြင်းကို ယနေ့နံနက်(၉)နာရီက တောင်ကြီးခရိုင် မီးသတ်စခန်း တောင်ကြီး -ဟိုပုံးမြို့အထွက် (၂)မိုင်၌ ကျင်းပသည်။

 ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဖြစ်ပွားကြုံတွေ့ရသည့် မီးလောင်မှုများ လျော့နည်း ကျဆင်းစေရန် ပိုမိုလုံခြုံစိတ်ချရသော နေထိုင်မှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက် အဟန့်အတားဖြစ်စေသည့် မီးလောင်မှု ကြောင့် ပျက်စီးဆုံးရှုံးမှုကို လျော့နည်းကျဆင်းစေရန် မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကြုံတွေ့ရနိုင်သည့် ဘေးအန္တရာယ်ကြုံတွေ့မှုများကို လျှော့ချနိုင်ရန် ခေတ်မီမီးသတ်ပညာနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို စဉ်ဆက် မပြတ် လေ့လာလေ့ကျင့် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ၂၀၁၄ ခုနှစ်မှစပြီး ယနေ့အထိ မီးသတ်ယာဉ် စက်စုစုပေါင်း(၅၄၈)စီး ဖြည့်တင်း နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်မှာလည်း မီးသတ်ယာဉ်(၂၂)စီး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်း ကိရိယာများကို ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်တွင် မီးလောင်မှု (၂၀၅) ကြိမ်၊ ဆုံးရှုံးမှု တန်းဖိုးကျပ် (၂၇၅.၉၂) သန်းခန့်ရှိပြီး ၂၀၂၁ ခုနှစ်တွင် မီးလောင်မှု (၁၇၃) ကြိမ်၊ ဆုံးရှုံးမှု တန်ဖိုးကျပ် (၂၇၅.၆၂) သန်းခန့် ဆုံးရှုံးခဲ့ပါကြောင်း ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် မီးလောင်မှု နှိုင်းယှဉ်ရာတွင် ၂၀၂၁ ခုနှစ်မှာ မီးလောင်မှု ကြိမ်ရေ ၃၂ ကြိမ် လျော့နည်းပြီး မီးလောင်ဆုံးရှုံးမှု တန်ဖိုးအနေဖြင့် ကျပ် (၁၀၀.၃) သန်း လျော့နည်း သက်သာခဲ့ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးချင်းစွမ်းရည်မြင့်မားအောင် ကြိုးပမ်းနေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်သည့်အတွက် ခံယူထားကြပြီး ပြည်သူယုံကြည်အားကိုးအားထားပြုရသည့် မီးသတ်တပ်ဖွဲ့ဝင်ဖြစ်အောင် လေ့ကျင့်တည်ဆောက် သွားကြ ရန် ပြောကြားသွားသည်။

 ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ Brave Heart တစ်ဦးချင်းစွမ်းရည်သရုပ်ပြသခြင်း၊ Dry Chemical Power (D.C.P) မီးသတ်ဆေးဘူးဖြင့် ဆီမီးလောင်မှုအား မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ 3D Nozzle ကိုအသုံးပြုပြီး ဆီမီးလောင်မှုအား သရုပ်ပြသခြင်း၊ Tank Fire စက်သုံးဆီ သိုလှောင်ကန် မီးလောင်မှုအား သရုပ်ပြသခြင်း၊ အထပ်မြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းများတို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြပြီး ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်း ကိရိယာများကို ကြည့်ရှုကြ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ချီးမြှင့်ငွေ ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးမှ လက်ခံရယူသည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးတက္ကသိုလ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဆရာ၊ ဆရာမများအတွက် ရေမီးအဆင်ပြေစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးနေသော စက်ရေတွင်း ဟောင်းမှ ရေထွက်ရှိနေမှု တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီး တောင်ကြီးမြို့တွင် ကျင်းပမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတွက် ဆောက်လုပ်ရေးဦးစီးဌာနမှ တာဝန်ယူ၍ မဏ္ဍပ်တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှုကာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း  သိရှိရသည်။

သတင်း - မောင်မောင်သန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)