ဝါးခယ်မမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးလည်ပတ်မှု ကြီးကြပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးလည်ပတ်မှု ကြီးကြပ်ဆောင်ရွက်

 


MNP - မတ်   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးမှုအားကောင်းစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား မြို့နယ်အတွင်းရှိ ကျေးရွာ(၁၁၃)ရွာတွင် လည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမစက်ဝန်းအား ဘဲချောင်းကျေးရွာအုပ်စု၊ ဘဲချောင်းကျေးရွာမှ အသင်းသား(၁၅၁)ဦး ငွေကျပ်(၃၈၀)သိန်းအား ထုတ်ချေးလည်ပတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရန်ပုံငွေထုတ်ချေး လည်ပတ်မှုအား ဝါးခယ်မမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ‌‌ ဒေါ်ဥမ္မာရွှေ ဦးဆောင်သော အဖွဲ့မှကွင်းဆင်း ကြီးကြပ်ကာ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးမှာကြား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သတင်း - စောသန္တာဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)