သိန္နီမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

 


MNP -  မတ်   ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ရုံးချုပ်)မှ ထုတ်ဝေသော မတ်လ(၂၇)ရက်နေ့၌ ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  ယနေ့နံနက် ၁၀နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များ၊ မြို့မဈေးကြီး အတွင်း၊ ဌာနဆိုင်ရာများနှင့် စာချစ်သူများထံသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 အဆိုပါလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ခုနှစ် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာအသရေစည်သူ မင်းအောင်လှိုင်၏ မိန့်ခွန်းကောက် နုတ်ချက်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အစဉ်အလာကောင်း(၁၂)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ ဆောင်ပုဒ်၊ နွေအလှကဗျာ၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်စသည့်ခေါင်းစဉ်များ ပါရှိပြီး အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - စောဥမ္မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)