MNP - မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က( ၇၇ )နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်စာစောင်ပြပွဲကို ကျောင်းသား/သူများနှင့်စာဖတ် ပရိတ်သတ်များအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်လာစေရေး မြန်မာ့သမိုင်းစာအုပ်များကို လေ့လာဖတ်ရူ့ပြီး တပ်မတော်နေ့ဖြစ်ပေါ်လာပုံကို သိရှိစေရန်နှင့် မိမိတို့၏ နိုင်ငံနှင့်လူမျိုးကို တန်ဖိုးထားပြီး မျိုးချစ်စိတ်ဓာတ် များတိုးပွားလာစေရန်၊ စာပေမှအသိပညာ ဗဟုသုတများ တိုးတက်မြင့်မားလာစေရန်နှင့် စာကြည့်တိုက်ကို အသုံးချလာတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး စာအုပ်စာစောင်ပြပွဲတွင် တပ်မတော်နေ့နှင့် ပက်သက်သည့်စာအုပ်များ၊ မြန်မာ့သမိုင်းစာအုပ်များ၊ ကလေးများအတွက် ပုံပြင်စာအုပ်များ၊ ရုပ်ပြစာအုပ်များအပြင် အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။
သတင်း - စည်သူလင်း
မြန်မာနေရှင်နယ်ပိုစ့်

No comments:
Post a Comment