ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး Box Culvert တံတား(၇)စင်းတည်ဆောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး Box Culvert တံတား(၇)စင်းတည်ဆောက်





MNP - မတ်    ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ညောင်ရွေ-ကြက်လျှာကျေးရွာချင်းဆက်လမ်း ပေါ်တွင် Box Culvert (၇)စင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားများတည်ဆောက်ရာတွင် တံတား(၁)စင်းလျင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၅၀) အကုန်အကျခံကာ ပုဂံနန်းတော်ကုမ္မဏီမှတာဝန်ယူပြီး အရှည်(၃)ပေ၊အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေ တည်ဆောက်ပေးခြင်းဖြစ်ပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားများ တည်ဆောက်ပေးခြင်းကြောင့် ညောင်ရွေ-ကြက်လျှာ-အုံးတုံ ကျေးရွာ(၃)ရွာမှ ဒေသထွက်ကုန်များ လွယ်ကူမြန်စွာသယ်ယူနိုင်တော့မည်ဖြစ်ပြီး အိမ်ထောင်စု(၃၈၆)စုမှ လူဦးရေ (၁၅၉၀)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)