နိုဘယ်ဆုရွေးချယ်ရေး နဲ့ ပတ်သက်ပြီး ပူတင်ရဲ့ပြောစကားကို ထရမ့်ကျေးဇူးတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုဘယ်ဆုရွေးချယ်ရေး နဲ့ ပတ်သက်ပြီး ပူတင်ရဲ့ပြောစကားကို ထရမ့်ကျေးဇူးတင်


အောက်တိုဘာ - ၁၁ ( စနေနေ့ ) 

နော်ဝေနိုဘယ်ကော်မတီက အမေရိကန်သမ္မတကို ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခြင်းမပြုရန် ဆုံးဖြတ်ချက်အပေါ် ဝေဖန်ပြစ်တင်ခဲ့တဲ့  ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကျေးဇူးတင်ရှိကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ရာထူးစတင်တာဝန်ယူချိန်မှစ၍  ထရမ့်က ဂါဇာရှိ အစ္စရေး - ဟားမတ်စ် ပဋိပက္ခအပါအဝင် နိုင်ငံတကာပဋိပက္ခများကို ဖျန်ဖြေပေးရာတွင် ကြိုးပမ်းမှုအတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ရသင့်ကြောင်း အကြိမ်ကြိမ်ပြောဆိုထားတာ ရှိပါတယ်။ 

မနေ့က တာဂျစ်ကစ္စတန် သို့ နိုင်ငံတော်အလည်အပတ်ခရီးရောက်ရှိနေသော ရုရှားသမ္မတက ဒူရှန်ဘီမြို့၌ မိန့်ခွန်းပြောရာတွင် နိုဘယ်ကော်မတီသည် “အမှန်တကယ် ငြိမ်းချမ်းရေးအတွက် ဘာမှမလုပ်ခဲ့ဘူး” သူများကို ငြိမ်းချမ်းရေး ဆု ချီးမြှင့်တဲ့ သမိုင်းကြောင်းရှိတာကြောင့် ဆုရဲ့ဂုဏ်အသရေကို အတိုင်းအတာတစ်ခုအထိပဲ အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။ 

ဆုကို ဘယ်သူရသင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့က သူ့နေရာ၊ သူ့အလုပ် မဟုတ်ပေမဲ့ ထရမ့် က “နှစ်ပေါင်းများစွာကြာအောင် ဆယ်စုနှစ်နဲ့ချီပြီး ဖြေရှင်းလို့မရနိုင်တဲ့ ခက်ခဲတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အများကြီးလုပ်နေတယ်” လို့ ပူတင်က မှတ်ချက်ပြုခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းရှိ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား မကြာသေးမီက အမေရိကန်သမ္မတ၏ ဖျန်ဖြေပေးမှုနှင့် ယူကရိန်းတွင် သွေးထွက်သံယိုမှုများကို အဆုံးသတ်ရန်ဆောင်ရွက်ချက်တွေက ၎င်းရဲ့ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ထရမ့်က သူ့ရဲ့ ထရုသ်ဆိုရှယ်မီဒီယာက  ပို့စ်တစ်ခု၌ ပူတင် စကားပြောနေတဲ့ ပုံတစ်ပုံကိုတင်ပြီး "သမ္မတပူတင်ကို ကျေးဇူးတင်ပါတယ်" ဆိုပြီး ပုံစာတပ်ကာ ပို့စ်တင်ခဲ့ပါတယ်။ 

ထိုနေ့အစောပိုင်းတွင် နိုဘယ်ကော်မတီသည် ဗင်နီဇွဲလားနိုင်ငံရှိ အတိုက်အခံနိုင်ငံရေးသမား မာရီယာကော်နီယာ မာချာဒို အား “ဗင်နီဇွဲလားတွင် ဒီမိုကရေစီလွတ်လပ်ခွင့်များကို မပျင်းမရိ ထောက်ခံအားပေးခြင်းအတွက် ငြိမ်းချမ်းရေးဆု” ချီးမြှင့်ခဲ့ပါတယ်။ ဗင်နီဇွဲလားအစိုးရက မာချာဒိုသည် အမေရိကန်က ရတဲ့ ရန်ပုံငွေတွေကို အစိုးရဆန့်ကျင်ရေးအဖွဲ့ထံ လွှဲပြောင်းပေးနေတဲ့သူလို့ စွပ်စွဲထားပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)