Pages

Pages

ပန်းတောင်းမြို့နယ် ကြိုးကြာအုပ်စု၊ ကြိုးကြာကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာတို့တွင် လေဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်



MNP - မတ်   ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြိုးကြာအုပ်စု ကြိုးကြာကျေးရွာနှင့် ဇီးဖြူကွင်း ကျေးရွာတို့တွင် ယနေ့နံက်ပိုင်းက လေပြင်းကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ကြိုးကြာကျေးရွာအုပ်စု ကြိုးကြာကျေးရွာ၊ ဇီးဖြူကွင်းရှိ အိမ်ခြေ (၅၀)ကို တစ်အိမ်ထောင်လျှင် ဝါးထရံ(၃)ချပ်၊ ဝါးအလုံး (၂၈)လုံး၊ သွပ်နန်းခွေတစ်ခွေ၊ တန်ဖိုး ငွေကျပ် (၃ဝဝဝဝ)နှုန်းဖြင့် အိမ်(၅၀)အတွက် စုစုပေါင်းငွေကျပ်(၁၅၀၀၀၀) အကုန်ကျခံ၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ဒေသခံပြည်သူများပူးပေါင်းကာ လေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment