Pages

Pages

(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပ







MNP ၊ မတ် ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က အဖွင့်အမှာ စကားပြောကြားသည်။ဆက်လက်၍ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း  ကော်မတီ ဥက္ကဌ ဦးထွန်းသန့်ကျော်က ကော်မတီဖွဲ့စည်းထားရှိမှုနှင့် ပြုင်ပွဲကျင်းပရခြင်း အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန(Community Centre)၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ နာယကဦးလှဟန်၊ ဒုဥက္ကဌ ဦးဖိုးရီအောင်၊ ၊အတွင်းရေးမှူးဦးအောင်ကျော်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ စိုးမြင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမပွဲစဉ်ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကိုမတ်  ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၉ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။၎င်းပြိုင်ပွဲတွင် ပထမဆု (၅)သိန်းကျပ်၊ ဒုတိယဆု(၃)သိန်းကျပ် ၊ တတိယဆု (၂)သိန်းကျပ်နှင့် အကောင်းဆုံးအားကစားသမားဆု နှစ်ဆုအား တစ်ဆုလျှင် (၁)သိန်းကျပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - သန့်ဇင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment