Pages

Pages

ဂွမြိုနယ်တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ








MNP ၊ မတ် ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် သဘာဝဘေး ကာကွယ်တားဆီးရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် သံတွဲခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဂွမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို မကျေးငူကျေးရွာ၊ ရဟိုင်ကူးတို့ကျေးရွာ၊ မြို့မဈေး၊ ဦးရွှေလယ်ကုန်းနှင့် ဂုံးသောင်များသို့ သွားရောက်ကာ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မုန်တိုင်းဘေး ပညာပေးစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်များဖြင့် သတိပေးခြင်း၊ ကိုယ်နှင့်မကွာ  သယ်ဆောင်သွားရမည့် ပစ္စည်းများ စသည့်အချက်များပါဝင်သည့် မုန်တိုင်းဘေး ပညာပေးစာစောင်(၅၀၀)အား အများပြည်သူများ သိရှိစေရေး ပြည်သူများထံအရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment