ပေါက်ခေါင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ထားရှိ

 


MNP - မတ်    ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ (မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်ပြိုလဲခြင်း) နှင့် အခြားသော သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင် အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသန်း ဦးဆောင်၍ မြို့နယ်မီးသတ် ဦးစီးမှူးရုံး/စခန်းနှင့် နယ်မြေမီးသတ်စခန်းများရှိ အရာရှိ(၃)ဦး၊ တပ်ဖွဲ့ဝင်အင်အား (၃၂)ဦးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်း ကိရိယာများ အသင့်စုဖွဲ့ထားရှိကြောင်းနှင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက် လာပါက မြို့နယ်မီးသတ်ဦးစီးမှူးရုံးသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)