Pages

Pages

မအူပင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့


MNP - မတ်    ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၏ မအူပင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ပေးမည့် MCCT အစီအစဉ်တွင် ၂၀၂၁ ခုနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)များအတွက် ထောက်ပံ့ပေးမှုအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို MCCT အစီအစဉ်တွင် ယခင်က အကျိုးခံစားခွင့်ရရှိပြီးသော ကလေးများ၊ အကျိုးခံစားခွင့် ရရှိပြီးသော ကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားလာသော ကလေးများအားလုံးသည် ထောက်ပံ့ကြေးငွေ (၄၅,၀၀၀)ကျပ် ရရှိမည်ဖြစ်ပြီး စာရင်းအသစ်သွင်းထားသော ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်(၂)လရှိပါက (၁၅,၀၀၀)ကျပ်၊ ကိုယ်ဝန်(၃)လရှိပါက (၃၀,၀၀၀)ကျပ်၊ ကိုယ်ဝန်(၄)လနှင့်အထက်ရှိပါက (၄၅,၀၀၀)ကျပ် ထောက်ပံကြေး ငွေရရှိမည်ဖြစ်ရာ မအူပင်မြို့နယ်တွင် ရပ်ကွက် (၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၆)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၅၃၇၁)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ် (၃၂၂၄)ဦး စုစုပေါင်း (၈၅၉၅)ဦးအား စုစုပေါင်းငွေ (၃၇၅၈၈၅၀၀၀/-)ကျပ် သုံးထောင့် ခုနှစ်ရာ ငါးဆယ့် ရှစ်သိန်း ရှစ်သောင်း ငါးထောင်တိတိကို ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment