Pages

Pages

ဝက်လက်မြို့၌ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် နွေသီးနှံ စံပြကွက် စိုက်ခင်းများအတွက် မျိုးစေ့နှင့် မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

 



MNP - မတ်    ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့ နံနက် ၈ နာရီ အချိန်က မတ် လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြို ဆိုသောအားဖြင့် နွေသီးနှံ စံပြကွက် စိုက်ခင်းများ အတွက်  မျိုးစေ့နှင့် ဓာတ်မြေသြဇာ ထောက်ပံပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

အဆိုပါ မျိုးစေ့နှင့် ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်မှာ စံပြကွက် စိုက်ခင်း စိုက်ပျိုးသော အကျိုးဆောင် တောင်သူများ မှတစ်ဆင့် စိုက်နည်း စနစ်ကောင်းများနှင့် မျိုးကောင်း မျိုးသန့်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရန် ရည်ရွယ်၍ ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင်  တိုင်းဒေသကြီး အစီစဉ်ဖြင့် နွေစပါး နွေသီးနှံ စံပြကွက် စိုက်ပျိုးထားရှိသော တောင်သူများအား ရွှေသွယ်ရင် စပါး မျိုးသန့်  ၅၅ အိတ် နှမ်းနက် ဆင်းရတနာ ၃ မျိုးသန့် ၃၀ ဧက စာနှင့် ဂျစ်ပဆန် ဓာတ်မြေသြဇာ ၈၅ အိပ် တို့ကို ဝက်လက်မြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဉာဏ်လှိုင်  စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်း ရွှေဘိုခရိုင် ဦးစီးမှူး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ က ပေးအပ်ခဲ့ကြောင်း သိရသည်။

မတ်လ ၂ ရက်နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မျိုးစေ့နှင့် ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့  ကျေးရွာ ၆ ရွာမှ တောင်သူ ၁၅ ဦး ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း ၂၈ ဦး၊ စုစုပေါင်း ၄၃ ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်း - စိုးစိုးလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment