လားရှိုးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင် များနှင့် လားရှိုးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးကြီး(ခုတင်- ၅၀၀)ရှိ ကျန်းမာရေး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင် များနှင့် လားရှိုးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးကြီး(ခုတင်- ၅၀၀)ရှိ ကျန်းမာရေး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်


 MNP ၊ မတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ပိုင်းတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)ခန်းမဆောင်၌ ပြုလုပ်ရာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များက လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ်လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လားရှိုးမြို့အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီး(ခုတင်-၅၀၀)ရှိ ကျန်းမာရေးဝန်ထမ်းများအား သွားရောက်ထွေ့ဆုံ အမှာစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အာဟာရဒါနကျွေးမွေးလျက်ရှိသည့် အခမဲ့ အာဟာရကျွေးမွေးရေးအဖွဲ့သို့ အလှူငွေများပေးအပ်လှူဒါန်းပြီး တစ်နေ့လျှင် ၄၀ လီတာဆံ့ Oxygen အိုး ၂၄ လုံး ထုတ်လုပ်လျက်ရှိသည့် အောက်ဆီးဂျင်စက်ရုံ ထုတ်လုပ် နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)