ပဲခူးမြို့နယ်တွင် ဆေးလိပ်မီးမှတစ်ဆင့် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့နယ်တွင် ဆေးလိပ်မီးမှတစ်ဆင့် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွား




MNP - မတ်    ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာ၊ ဆင်ဖြူကွင်းအမှိုက်ပုံတွင် မတ် ၂၀ ရက်၊ ည(၁၉:၃၀) နာရီခန့်တွင် လမ်းသွားလမ်းလာတစ်ဦး ပေါ့ဆစွာစွန့်ပစ်သော ဆေးလိပ်မီးမှတစ်ဆင့် အမှိုက်ပုံရှိ အမှိုက်များအား စတင်လောင်ကျွမ်းရာမှ အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်  မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာ၊ ဆင်ဖြူကွင်းအမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း တယ်လီဖုန်းသတင်းရရှိ၍ ပဲခူးခရိုင်မီးသတ်စခန်းမှ တာဝန်ရှိသူများက သွားရောက်မီးငြိမ်းသတ်ရာ (၂၁-၃-၂၀၂၂)ရက်၊ (၀၂:၀၀)နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ဆင်ဖြုကွင်းအမှိုက်ပုံဧရိယာ (၂)ဧကခန့် မီးလောင်ခဲ့ပြီး၊ လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)