ညောင်တုန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် သွားရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်

 


MNP - မတ်    ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ရေးအစီအစဉ် (MCCT)အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ညောင်တုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၄)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင် (၁၀၉၅)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၇၄၂)ဦး စုစုပေါင်း (၁၈၃၇)ဦးအတွက် စုစုပေါင်း (၈၀၆၂၅၀၀ဝိ/-)(ကျပ်ရှစ်ရာ ခြောက်သိန်း နှစ်သောင်း ငါးထောင်တိတိ)ကို ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ထက်ဝေဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)