MNP - မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြို့နယ်သံဃာဝန်ဆောင်ဥက္ကဋ္ဌ ရှင်သီဝလိတောင်တော်မြတ်၏ သြဝါဒစရိယ၊ ကုန်းကျောင်း ပရိယတ္တိစာသင်တိုက် တိုက်အုပ် ဆရာတော်အား နိုင်ငံတော်အစိုးရမှ တပေါင်းလပြည့်နေ့၌ ဆပ်ကပ်လှူဒါန်းသည့် ဂန္တဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်အား အလှူခံတော်မူပြီး မတ်လ ၁၇ ရက်နေ့က ကျောက်ကြီးမြို့နယ်သို့ ပြန်လည်ကြွချီလာရာ လမ်းတလျှောက်တွင် ဆရာတော်အား ကျောက်ကြီးမြို့သူ/မြို့သား ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
ဆရာတော်ကြိုဆိုမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ အကျိုးတော်ဆောင် အဖွဲ့များက ဦးဆောင်၍ ဆရာတော်အား ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ၌ နံနက် ၈ နာရီခွဲအချိန်တွင် လှည့်လည်အပူဇော်ခံခြင်း၊ ကျောက်ကြီး -နတ်သံကွင်း ကားလမ်းတလျှောက် လမ်းဘေးဝဲယာ ကျေးရွာများက ဂုဏ်ပြုကြိုဆို၍ အပူဇော်ခံယူခဲ့သည်။ ထို့နောက် ကျောက်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည် အပူဇော်ခံပြီး၊ ဆရာတော်သတင်းသုံးရာ ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment