ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

MNP ၊ မတ် ၂၀    

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ် စုများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်ဦးစီးမှူးမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က  ရမ်းဗြဲမြို့နယ်၊  ရွာကြီးကျေးရွာအုပ်စုသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်းများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူးဦးစိုးစံထွန်းပါ ဝန်ထမ်း(၄)ဦးမှရွာကြီးကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်အရ ပြည်သူများ‘လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်နှင့်အညီပြုလုပ်ဆောင်ရွက်ပေးခဲ့ကြပါသည်။


ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ ဒေသခံပြည်သူများအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ခွဲပေးခြင်း၊ မွေးဖွားမှု သေဆုံးမှုများကို စာရင်းရေးသွင်းခြင်း ထုတ်ပယ်ခြင်း၊ ပျောက်ဆုံး/ပျက်စီးမှုများကို မိတ္တူပြုလုပ်ဆောင်ရွက်ပေးခြင်းများနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသောသူများအား အသက်(၁၀)နှစ်ပြည့်နှင့် အသက်

(၁၈)နှစ်နှင့်အထက်ရှိပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ဆောင်ရွက်ပေးခြင်းများကိုရွာကြီးကျေးရွာအုပ်စုအတွင်းမှဒေသခံပြည်သူများအား အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)