မော်စကို ၊ မတ် ၂၀
ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် လူဇင်ဘတ်နိုင်ငံဝန်ကြီးချုပ်ဇာဗီယာဘတ်တဲလ်( Xavier Bettel ) နှင့် မတ် ၁၉ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် “ ယူကရိန်းနိုင်ငံမှာ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာဇီဝဗေဒလှုပ်ရှားဆောင်ရွက်မှုတွေဟာ လက်ခံနိုင်စရာမရှိတဲ့ သဘောသဘာဝပဲ“ဟု ထုတ်ဖော်ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တစ်စောင်၌ ဖော်ပြထားသည်။
အဆိုပါလှုပ်ရှားဆောင်ရွက်မှုများသည် ရုရှားနိုင်ငံအတွက်ရော ဥရောပတိုက်တစ်ခုလုံးအတွက်ပါ အလွန်ကြီးမားသောအန္တရာယ်တစ်ခုဖြစ်ကြောင်း ပူတင်က ဆိုသည်။
ရုရှားနှင့်လူဇင်ဘတ် နှစ်နိုင်ငံခေါင်းဆောင်တို့သည် ယူကရိန်းနိုင်ငံ၌ ရုရှား၏ စစ်ဆင်ရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ထိုသို့ဆွေးနွေးစဉ် ရုရှားသမ္မတပူတင်က ဒွန်ဘတ်စ်ရှိ မြို့ကြီးများအား ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းအပေါ် မှတ်ချက်ပြုပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူဇင်ဘတ်နိုင်ငံဝန်ကြီးချုပ် ဘတ်တဲလ်က ပဋိပက္ခ “ အဆုံးသတ်သွားအောင် ကျွန်တော်တို့လုပ်ရပါမယ် ” ၊ “ ဒီတိုက်ခိုက်မှုတွေကနေ ရုရှားဖြစ်စေ ၊ ဥရောပဖြစ်စေ ၊ သေချာပါတယ် ယူကရိန်းဖြစ်စေ ဘယ်သူမှ အနိုင်နဲ့ ပိုင်းနိုင်မှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့ကြောင်း လူဇင်ဘတ်နိုင်ငံအစိုးရအဖွဲ့တရားဝင် ဝက်ဆိုက်ဂ်စာမျက်နှာ၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင်ဘတ်တဲလ်က ရုရှားသမ္မတပူတင်အား ယူကရိန်းနိုင်ငံ နှင့် အခြားသောနိုင်ငံများမှ ခေါင်းဆောင်များနှင့် ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး ပူတင်က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်ပတ်သက်၍ ၎င်း၏ သဘောထားရပ်တည်ချက်များကို မီးမောင်းထိုးရှင်းပြခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံ၌ အမေရိကန်နှင့်ဆက်နွှယ်သော ဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲခန်းများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များအားလုံးကို ထုတ်ဖော်ကြေညာပေးရန် အမေရိကန်နိုင်ငံအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင် တိုက်တွန်း တောင်းဆိုမှုပြုလုပ်ခဲ့သည်။
ပြီးခဲ့သော ရက်သတ္တပတ်က အမေရိကန်ဆီးနိုတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ၌ ပြုလုပ်သည့် ယူကရိန်းအရေးလွှတ်တော်ကြားနားပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Victoria Nuland က “ ယူကရိန်းနိုင်ငံမှာ ဇီဝဗေဒဆိုင်ရာ သုတေသနအဆောက်အဦတွေရှိပါတယ်” ဟုဝန်ခံထွက်ဆိုထားသည်။
Ref : (ဆင်ဟွာ)
https://t.me/MyanmarNationalPost
No comments:
Post a Comment