သာစည်မြို့နယ်တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ


MNP - မတ်    ၃

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆေးထိုးစုရပ် အသီးသီး၌ ယနေ့နံနက်ပိုင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ထိုသို့ ဆက်လက်ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမအသုတ် Sinopharm ပထမ အကြိမ် ထိုးနှံထားသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို စဉ့်ကူးကျေးရွာနှင့် မြို့နယ် ပြည်သူ့ဆေးရုံတို့တွင် လူဦးရေ ၅၀ ဦးကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆဋ္ဌမ အသုတ် Covishield ပထမအကြိမ် ထိုးနှံထားသော ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို  စဉ့်ကူးကျေးရွာ၊ လယ်ပြင်ကျေးရွာနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် လူဦးရေ ၃၁၉ ဦးတို့ကို ဆေးထိုးအဖွဲ့များက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည် အုပ်စုအလိုက် ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးများဖြစ်သည့်    Sinopharm၊    Sonovac၊    Covidshield နှင့် Sputnik Light တို့ကို   စုစုပေါင်း ၁၇၇၈၆၈ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့်  ထပ်ဆောင်းကာကွယ်ဆေး Booster dose ထိုးနှံပြီးသူ ၃၃၈၃ ဦးရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)