MNP - မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ ကြက်ခြေနီသူနာပြု တပ်ဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက သင်ပန်းချောင်းကျေးရွာ၌ မတ်လ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုမှ မီးဘေးသင့်အိမ် ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်းများသွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပေးအပ်ရာသို့ ထူးကြီးမြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မြတ်ဖြိုးနှင့် ထူးကြီးမြို့ ကြက်ခြေနီအသင်းအမှုဆောင်နှင့် တပ်ခွဲမှူးတို့မှ သွားရောက်ထောက်ပံ့ခဲ့ကြောင်းနှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မီးဘေးသင့်အိမ်ထောင်စု တစ်စုလျှင်လက် သမားပစ္စည်း (၉)မျိုး၊ ကျန်း မာရေးပစ္စည်း(၁)အိတ်၊ မီးဖိုချောင်သုံးပစ္စည်း(၁)ပုံး၊ စောင်(၂)ထည်၊ ခြင် ထောင်(၁)လုံး၊ တာပေါ်လင်(၂)စတို့ကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
သတင်း - မန်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment