ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့ဦးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိပြီး တရားခံ ထွက်ပြေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့ဦးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိပြီး တရားခံ ထွက်ပြေး


MNP ၊ မတ်  ၂၃

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် မြို့ဦးရပ်ကွက်တွင် ယနေ့ (၁၂ ၁၀ ) အချိန်စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ  မြို့ဦးရပ်ကွက်  ကျောင်းရွာကျေးရွာနေ နူရ်အီဆလာမ်၏ နေအိမ်အား  ဝင်ရောက်စစ်ဆေးရာ ၎င်းမှာ နေအိမ် အနောက်ဖက်ခြံစည်းရိုးဘက်သို့  ထွက်ပြေးသွားခဲ့ပြီး ၎င်းလက်မှကိုင်ဆောင်ထားသည့် အဖြူရောင် ကော်ပုံ(၁)ပုံးအား ပစ်ချထွက်ပြေးသဖြင့် ပစ်ချခဲ့သည့် UPG တံဆိပ်ပါ အဖြူရောင် ကော်ပုံးအတွင်းမှ ဖယောင်းစက္ကူဖြင့် ပတ်ထားသည့် အထုပ်ကြီး(၁)ထုပ်အတွင်း အပြာရောင်ကပ်ခွာ အိတ်များဖြင့် ထားသော W/R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၉၇၅၀)ပြားစီပါ (၄)ထုတ် ၊စုစုပေါင်း ဆေးပြား (၃၉၀၀၀) ပြား ၊ အလေးချိန် (၃.၅၁) ကီလိုခန့်အားလည်းကောင်း ၊ ထွက်ပြေးတိမ်းရှောင်သွားသော နူရ်အီဆလာမ်၏ နေ အိမ်အား  ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းရှိ ကွပ်ပျစ်သစ်သားအခင်းပေါ်မှ အပြာရောင်ပလက်စတစ်အိတ်အတွင်း ထည့်လျက်  W/R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၁၉၅)ပြားစီပါ (၂)ထုတ် စုစုပေါင်းဆေးပြား(၃၉၀)ပြား ၊ အလေးချိန် (၃၅.၃) ဂရမ်ခန့် စုစုပေါင်းဆေးပြားပေါင်း (၃၉၃၉၀)ပြား စုစုပေါင်းအလေးချိန်(၃.၅၄)ကီလိုခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ နူရ်အီဆလာမ်(ကျား) ၄၅ နှစ်၊ ကျောင်းရွာကျေးရွာ၊ မြို့ဦးရပ်ကွက် မောင်တောမြို့နေသူ (မဖမ်းမိ)ထွက်ပြေးတိမ်ရှောင်နေသူအား   မြို့မရဲစခန်းတွင် မယ(ပ)၈/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉(က) အရ အမှုဖွင့်လှစ်ကာ တရားဥပဒေအရ အရေးယူနိုင်ရေး  စီစဉ်ဆောင်ရွက်လျှက်ရှိပြီး တရားခံအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)