မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

 


MNP - မတ်     ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၁ -၂၀၂၂ ခု၊ ဘဏ္ဌာရေးနှစ် (၆) လဘတ်ဂျက်ကာလ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့်ရရှိသည့် ကျေးလက်ကုန်ထုတ်လမ်း၊တံတား လုပ်ငန်းများ၊ ရေပေးရေး လုပ်ငန်းများ နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်း ဆောင်ရွက်ပြီးစီး မှုများကို ယမန်နေ့က ဟင်္သာတခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်က  လုပ်ငန်းများ သတ်မှတ်အရည် အသွေး၊ စံချိန်းစံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်သွားရန် ညွှန်ကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း ၂၀၂၁ -၂၀၂၂ ခု၊ ဘဏ္ဌာရေးနှစ် (၆) လဘတ်ဂျက် ကာလ ခွင့်ပြုရန်ပုံ ငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၁)လမ်း၊  တံတား(၃)စင်း၊ ကျေးလက်ရေပေးရေး လုပ်ငန်း (၆) ခုနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) စီမံကိန်း (၅) ရွာ ဆောင်ရွက် လျက်ရှိပြီး ယခုဘဏ္ဌာရေးနှစ်အတွင်း လုပ်ငန်းများပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်စီးမှူး ဦးတင်ထွန်း အောင်ထံမှ သိရှိရသည်။

သတင်း - ဝင်းဗိုလ် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)