မင်းလှ၌ (၇၃)ကြိမ်မြောက် သုံးမြို့နယ်ဝိနယဓမ္မာနုဂ္ဂစာမေးပွဲအောင် သံဃာတော်များအား ဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှ၌ (၇၃)ကြိမ်မြောက် သုံးမြို့နယ်ဝိနယဓမ္မာနုဂ္ဂစာမေးပွဲအောင် သံဃာတော်များအား ဆုချီးမြှင့်




MNP - မတ်    ၂

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် (၇၃)ကြိမ်မြောက် သုံးမြို့နယ်ဝိနယဓမ္မာနုဂ္ဂစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ရဟန်း၊ သာမဏေများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က မြို့လယ်ဓမ္မာရုံ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတသသုံးကြိမ်ရွှတ်ဆိုဖွင့်လှစ်ပြီး၊ ဝိနယဓမ္မာနုဂ္ဂဟအဖွဲ့ဩဝါဒဆရာ တော် ဦးဥက္ကဌထံ ငါးပါးသီလ ခံယူဆောက်တည်၍ ဩဝါဒစကားများ မိန့်ကြားတော်မူခဲ့သည်။

ဝိနယဓမ္မာနုဂ္ဂဟအဖွဲ့ ဩဝါဒဆရာတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အလှူရှင်များက ငွေများ လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှတန်းပေးဝေခဲ့ကြသည်။

ထို့နောက်(မင်းလှ - မိုးညို - အုတ်ဖို) သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ (ခ)မူလတန်း၊ (က)မူလတန်းတို့၌ ရဟန်း၊သာမဏေ(၈၂)ပါးဝင်ရောက်ဖြေဆိုခဲ့ရာ စာမေးပွဲအောင် မြင်ခဲ့သော (ပထမကျော်)ရဟန်း၊သာမဏေ(၅)ပါး အပါဝင်ရဟန်း၊ သာမဏေစုစုပေါင်း(၄၉) ပါးတို့အား အောင်ဆုလက်မှတ်နှင့် ဆုငွေများ၊ ဝတ္တုလှူဖွယ်ပစ္စည်း အသီးသီးချီးမြှင့် ဆက်ကပ် လှူဒါန်းပေးခဲ့ကြသည်။

အဆိုပါစာမေးပွဲကို ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့ထိ (၆)ရက်ကြာ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

သတင်း - ပေါက်စ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)