Pages

Pages

စစ်ကိုင်းမြို့နယ် ကုန်းရွာ ကုန်ထုတ်လမ်းခင်းကျင်းမှု ရာနှုန်းပြည့်ပြီးစီး

 


MNP - မတ်    ၃၀

စစ်ကိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုနှစ် (၆)လ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းမြို့နယ် ကုန်းရွာကုန်ထုတ်လမ်း မြေ ၂-ပေ ထုခင်းခြင်း၊ ဂျင်း(၉)လက်မ  ထုခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်ထုတ်လမ်းကို Peace Shwebo ကုမ္ပဏီမှ တင်ဒါအောင်မြင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးဝင့်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသက်နှင့် တာဝန်ရှိဝန်ထမ်းများက အရည်အသွေး ကောင်းမွန်ရေး ကွင်းဆင်းစစ်ခဲ့ကြရာ တာဝန်ရှိသူများက ရှင်လင်းတင်ပြပေးခဲ့ကြသည်။

ကုန်ထုတ်လုပ်ငန်းမှာ အရှည်(၂)မိုင်၊ (ဝ.၈၂ဖာလုံ)၊ (၁၂)ပေ ရှိပြီး ကျေးရွာအိမ်ခြေ(၆၉၄)၊ လူဦးရေ (၂၄၄၅)ရှိရာ လယ်ဧက(၁၀၀)အတွက် အကျိုးပြုဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သတင်း - ဇော်မြင့်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment