Pages

Pages

ရွှေတောင်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ



MNP - မတ်    ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နွေရာသီအားကစားသင်တန်းများကို မြို့နယ်အားကစားခန်းမ၊ ကျေးရွာအုပ်စုနှင့် အထကကျောင်းများတွင် စုစုပေါင်းသင်တန်းဖွင့်လှစ်သည့်(၅)  နေရာတို့တွင် မတ်လ ၁၉ ရက်နေ့မှဧပြီလ၆ နေ့အထိဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ အေးရိုးဗစ်အားကစားနည်း(၅)မျိုးကို နည်းပြဆရာ (၉)ဦးဖြင့်သင်ကြားပေးလျက်ရှိပြီး သင်တန်းသား (၂၃၀)ဦးတက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။ အဆိုပါနွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသားလူငယ်များ အားကစားကို စိတ်ဝင်စားပြီးအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ကျန်းမာကြံ့ခိုင်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။

သတင်း - ကိုကိုမင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment