မတ္တရာမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၇၄၄)ဦး ဝင်ရောက်ဖြေဆိုမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မတ္တရာမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၇၄၄)ဦး ဝင်ရောက်ဖြေဆိုမည်



MNP -  မတ်   ၂၁

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ( ၇၄၄)ဦး  ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(မတ္တရာ)စာစစ်ဌာနနှင့် အ.ထ.က(ခွဲ)(မတ္တရာ) စာစစ်ဌာနနှစ်ခုဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်ပြီး ဘာသာတွဲ(၁)တွင် ကျား(၁၃၈)ဦး၊မ(၁၆၆) ဦး ပေါင်း (၃၀၄) ဦး၊ ဘာသာတွဲ(၂)တွင် ကျား(၆)ဦး၊ မ(၆)ဦး၊ ပေါင်း(၁၂)ဦး၊ ဘာသာတွဲ(၇)တွင် ကျား(၁၄၈)ဦး မ(၂၈၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၇၄၄)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - စိုးကျော်သူထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)