ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ကျင်းပသော ညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ကျင်းပသော ညှိနှိုင်း အစည်းအဝေးသို့တက်ရောက်


MNP ၊ မတ် ၂၁

နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ကျင်းပသော ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က နိုင်ငံတကာ လေကြောင်းခရီးစဉ်များအား ဧပြီ ၁၇ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့် လိုအပ်ချက်များနှင့်အညီ သတ်မှတ်စည်းကမ်းချက်များ အတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့် ပြုတော့မည်ဖြစ်ရာ ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍများအလိုက် လိုအပ်ချက်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျ ပြင်ဆင်ထားရှိပြီး အဆင်သင့် ဖြစ်နေကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လေကြောင်းလိုင်းများဖြင့် ဝင်ရောက်သည့် ခရီးသွားဧည့်သည်များအတွက် ဝင်ရောက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် လုပ်ငန်းလုပ်ကိုင်သူများ သိရှိနိုင်ရေးအတွက် အချိန်မီဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ Quarantine ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် ခရီးသည်များ လာရောက်တည်းခို သည့်အခါ ကျန်းမာရေးဝန်ဆောင်မှု အာမခံရှိနေစေရေးအတွက် ဝန်ကြီးဌာနက စီစဉ် ဆောင်ရွက်နေသော အမျိုးသားအဆင့် HSP-Certificate ကို ကြိုတင်ရယူထားကြရန် လိုအပ်ပါကြောင်း။


 တိုင်းဒေသကြီး/ ပြည်နယ်များရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည်များ အကြိမ်ကြိမ် လာရောက် လည်ပတ်လိုစိတ်နှင့် ကာလရှည်ကြာစွာ နေထိုင်လိုစိတ် ဖြစ်ပေါ်ရေး အတွက် မိမိတို့ဒေသအလိုက် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများ ဖြစ်ပေါ်ရေးကို ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနကလည်း ခရီးသွားဧည့်သည်များ အဆင်ပြေ လွယ်ကူချောမွေ့စွာ လာရောက် လည်ပတ်နိုင်ရေး အတွက် ရည်ရွယ်ပြီး ခရီးသွားစီမံချက်များရေးဆွဲပြင်ဆင်ခြင်း၊ mobile application စီစဉ်ခြင်းတို့ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွား အသင်းအဖွဲ့များအနေဖြင့်လည်း ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်ရေးအတွက် မြှင့်တင် ကြော်ငြာ သွားကြရန်လည်း လိုအပ်ပါကြောင်း၊ မကြာသေးမီကာလက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်နိုင်သည်ဟု ကြေငြာချက်များအရ မုန်တိုင်းကျရောက်နိုင်သော နေရာများရှိ ရုံးခွဲတာဝန်ခံများအနေဖြင့် ဟိုတယ် များ၌ တည်းခိုနေထိုင်လျက်ရှိသော ဧည့်သည်များကို ကြိုတင်အသိပေးခြင်း၊ မလိုလား အပ်သောဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကူညီဆောင် ရွက် ပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍    မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးရန်ဝင်းက နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ရာတွင် ဟိုတယ်များနှင့် ခရီးသွားကုမ္ပဏီများက ပြင်ဆင်ဆောင်ရွက်ထားသင့်သည်များ၊ ခရီးသွားဧည့်သည်များက လိုက်နာလုပ်ဆောင်ရမည့် အချက်အလက်များကို ပံ့ပိုးပေးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာ ကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်း ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)