စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီးတွင် ဘုရားဖူး ပြည်သူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီးတွင် ဘုရားဖူး ပြည်သူများဖြင့်စည်ကား

 


MNP - မတ်    ၁၀

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော် ဘုရားကြီးတွင် ယမန်နေ့က ဘုရားဖူး ပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

“ဒီနေ့က ဥပုဒ်နေ့လည်းဖြစ်တော့ ခါတိုင်းရက်တွေထက် ဘုရားဖူးပြည်သူတွေ စည်ကားနေတာပါ ယခင်ရက်တွေကလည်း လာရောက်ဖူးမြော်ကြပါတယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အတူ ဘုရားဖူးလာပြည်သူတွေ စိတ်အေးချမ်းစွာ ဖူးမြော်နိုင်အောင်လည်း စီမံ ဆောင်ရွက်ပေးထားပါတယ် လိုအပ်တဲ့ ညအိပ်နေပြည်သူတွေကိုလည်း အဆင်ပြေအောင် ဆောင် ရွက်ပေးထားပါတယ် ပွင့်လင်းရာသီရောက်လာတဲ့အတွက် ဘုရားဖူးလာပြည်သူများ လာရောက်ဖူး မြော်ကြမှာလို့”  ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

“ကျွန်မတို့လည်း စစ်ကိုင်းမြို့မှာရှိတဲ့ ကောင်းမှုတော်ဘုရားရယ်၊ ဆွမ်းဦးပုညရှင် ဘုရားကြီးကို ဖူးမြော် ချင်နေတာကြာပါပြီ အခုမှပဲ မိသားစုတွေ၊ အသိမိတ်ဆွေတွေနဲ့ လာရောက်ဖူးမြော်ရတဲ့အတွက် ဆန္ဒတွေပြည့်ဝသွားပါပြီ မုံရွာဘက်မှာရှိတဲ့ ဘုရားတွေလည်း ဆက်လက်ဖူးမြော် သွားမှာပါ” ဟု မိတ္ထီလာ မြို့နယ်မှ ဘုရားဖူးလာရောက်သည့် ပြည်သူတစ်ဦးက ပြောပြခဲ့သည်။

သတင်း - ဇော်မြင့်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)