ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအား စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအား စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုအားပေး



MNP - မတ်      ၂၈

ကမ္ဘာ့စားသုံးဆီ အများဆုံးထုတ်လုပ်နိုင်သော သီးနှံများ၌ နေကြာသီးနှံမှာ တစ်ခုအပါဝင်ဖြစ်ပြီး ပြည်တွင်းဆီစားသုံးမှုဖူလုံရေး ဒေသတွင်းဆီစားသုံးမှုဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီ တင်သွင်းမှုလျော့ချနိုင်စေရေးအတွက် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်း၌ သီးထပ်သီးညှပ် စိုက်ပျိုးမှုဖြင့် ဆီထွက်သီးနှံနေကြာအား စိုက်ပျိုးဧက (၁၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဆီထွက်သီးနှံနေကြာအား ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုင်းကျွန်းမြေများတွင် သီးညှပ်အဖြင့် (၇)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး လယ်ယာမြေများတွင် မိုးစပါးရိတ်သိမ်းပြီး သီးထပ် အဖြင့် (၁၀)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး နေကြာစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေလင်းညွန့်နှင့်ဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းအချိန်က ခလယ်ကျေးရွာအုပ်စု ခလယ်ကျေးရွာရှိ လယ်ယာမြေ၌ သီးထပ်အဖြင့် နေကြာစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား သွားရောက် ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ဒေသတွင်း ဆီစားသုံးမှုဖူလုံနိုင်စေရေးအတွက် ဆီထွက်သီးနှံနေကြာအား ကျယ်ကျယ် ပြန့်ပြန့် ထပ်မံ တိုးချဲ့စိုက်ပျိုးနိုင်စေရေးနှင့် နေကြာစိုက်ပျိုးမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေးနည်းပညာရပ်များ အား ဆွေးနွေးပြောကြားပြီး တောင်သူများမှ မိမိတို့သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းကာ မြို့နယ်ဦးစီးမှုမှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ဆီထွက်သီးနှံ နေကြာအား ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကိုင်းကျွန်းသီးညှပ်နှင့် လယ်ယာမြေတွင် သီးထပ်ဖြစ် စုစုပေါင်း စိုက်ပျိုးဧက (၇၂)ဧက တိုးချဲ့စိုက်ပျိုးသွားနိုင်ရေးအတွက် စီမံလျာထားကြောင်း သိရသည်။

သတင်း - မျိုးမင်းဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)