နေတိုးအဖွဲ့ဝင်နိုင်ငံများက အဖွဲ့အတွင်း ယူကရိန်းပါဝင်ဆွေးနွေးရန် မပြင်ဆင်ထား ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေတိုးအဖွဲ့ဝင်နိုင်ငံများက အဖွဲ့အတွင်း ယူကရိန်းပါဝင်ဆွေးနွေးရန် မပြင်ဆင်ထား ဟုဆို



ကိဗ်၊ မတ် ၇ 

နေတိုးအဖွဲ့ဝင်နိုင်ငံများက အဖွဲ့အတွင်း ယူကရိန်းပါဝင်ရေး ဆွေးနွေးရန် မပြင်ဆင်ထားကြောင်းနှင့် ကိဗ်က “နေတိုးပုံစံ မဟုတ်သော”ဆွေးနွေးမှုအတွက် အသင့်ပြင်ထားကြောင်း Fox Newsက မတ် ၆ ရက်(တနင်္ဂနွေနေ့)တွင် ဖော်ပြခဲ့သည်။ 

“နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့တုန့်ပြန်မှုက နေတိုးအဖွဲ့ထဲ ကျွန်တော်တို့ ပါဝင်မှုကို ဆွေးနွေးဖို့ သူ့တို့ မပြင်ဆင်ထားဘူးဆိုတာပါ၊ ယခု ၅ နှစ် သို့မဟုတ် ၁၀ နှစ်အတွင်းမှာ ထည့်ပြောမှာမဟုတ်ပါဘူး။ နေတိုးအဖွဲ့ကို လျှောက်ထားနိုင်ဖို့ တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး၊ ရလဒ်အတွက် တိုက်ပွဲဝင်နေတာပါ ဖြစ်စဉ်အတွက်မဟုတ်ဘူး”ဟု ရုရှားနှင့်ညှိနှိုင်းရေး ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင် David Arakhamiaက Fox Newsကို ပြောကြားခဲ့သည်။ 

“နေတိုးပုံစံမဟုတ်တဲ့ ဆွေးနွေးမှုမျိုး ကျွန်တော်တို့ အသင့်ပြင်ထားတယ်...ဒီကိစ္စကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားမယ်၊ ရုရှားနဲ့ နှစ်ဖက်ဆွေးနွေးမှုများအပြင် အခြားမိတ်ဖက်များနဲ့လည်း ဆွေးနွေးသွားဖို့ တံခါးဖွင့်ထားတယ်”ဟု Arakhamiaက ဆိုသည်။ ယူကရိန်းနှင့်ရုရှား၏ နှစ်ကြိမ်ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၃ ရက်တွင် ပြုလုပ်ခဲ့ရာ တတိယအကြိမ်ဆွေးနွေးမှုကို မတ် ၇ ရက် (တနင်္လာနေ့)တွင် ကျင်းပမည်ဟု ခန့်မှန်းထားသည်။

Ref : ဆင်ဟွာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)