မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်းရင်းသားများအား ရွက်ဖျင်တဲ ၊ ဆန် နှင့် ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်းရင်းသားများအား ရွက်ဖျင်တဲ ၊ ဆန် နှင့် ထောက်ပံ့ငွေများပေးအပ်












MNP ၊ မတ် ၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်း ရင်းသားများအား   ဆန် နှင့် ထောက်ပံ့ငွေများပေးအပ်ကို ယမန်နေ့ ညနေပိုင်းက  ပေးအပ်ခဲ့ကြောင်းသိရသည်။  

မောင်တောမြို့နယ် ၊ ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ ကျောက်ပန္ဒူအရှေ့ကွင်းတွင် မြိုတိုင်းရင်းသား အိမ်ထောင် စု(၁၅၀)စုအား နေရာချထားနိုင်ရေးအတွက် ယခုအခါ မြေနေရာရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ပထမအသုတ်အဖြစ် ပုဏ္ဏားကျွန်း မြို့နယ်မှ စစ်ဘေးရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စု(၂၉)စု ၊ အမျိုသား  ၈၀ ဦး ၊အမျိုးသမီး ၉၀ ဦး စုစု ပေါင်း ၁၇၀ ဦးတို့မှ  လာရောက်နေထိုင်လျှက်ရှိသဖြင့်  ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး  ဦးဆောင်သော  အဖွဲ့ ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များက  သွားရောက်တွေ့ဆုံ အားပေးပြီး  အဆိုပါ အိမ်ထောင်စု(၂၉)စု မှ မိသားစုများ၏ လတ်တလော စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရေးအတွက်  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဆန်(၂၄)ပြည့် အိတ်(၄)အိတ် ၊ ကုလားအုပ်ခေါက်ဆွဲ(၃)ဖာ ၊ငွေကျပ် ၂ သိန်း နှင့် နေအိမ်များ ဆောက်လုပ်ခြင်းမပြုမှီ ကာလအတွင်း နေထိုင်မှု အဆင်ပြေချောမွေ့စေရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယာယီ ရွက်ဖျင်တဲ (၂၀)လုံးအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)