MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်း ရင်းသားများအား ဆန် နှင့် ထောက်ပံ့ငွေများပေးအပ်ကို ယမန်နေ့ ညနေပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
မောင်တောမြို့နယ် ၊ ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ ကျောက်ပန္ဒူအရှေ့ကွင်းတွင် မြိုတိုင်းရင်းသား အိမ်ထောင် စု(၁၅၀)စုအား နေရာချထားနိုင်ရေးအတွက် ယခုအခါ မြေနေရာရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ပထမအသုတ်အဖြစ် ပုဏ္ဏားကျွန်း မြို့နယ်မှ စစ်ဘေးရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စု(၂၉)စု ၊ အမျိုသား ၈၀ ဦး ၊အမျိုးသမီး ၉၀ ဦး စုစု ပေါင်း ၁၇၀ ဦးတို့မှ လာရောက်နေထိုင်လျှက်ရှိသဖြင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်သော အဖွဲ့ ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ အားပေးပြီး အဆိုပါ အိမ်ထောင်စု(၂၉)စု မှ မိသားစုများ၏ လတ်တလော စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရေးအတွက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဆန်(၂၄)ပြည့် အိတ်(၄)အိတ် ၊ ကုလားအုပ်ခေါက်ဆွဲ(၃)ဖာ ၊ငွေကျပ် ၂ သိန်း နှင့် နေအိမ်များ ဆောက်လုပ်ခြင်းမပြုမှီ ကာလအတွင်း နေထိုင်မှု အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယာယီ ရွက်ဖျင်တဲ (၂၀)လုံးအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment